Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးရေး ဝါစက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ


21 Jul,2026

နေပြည်တော် ဇူလိုင် ၂၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမ အသင်းသားတောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် စနစ်ကျသောစိုက်ပျိုးရေး စနစ်၊ စနစ်ကျသောမွေးမြူရေးစနစ်များဖြင့် ဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လည်း အဆင့်မီဖွံ့ဖြိုးတိုးတက်အောင် သမဝါယမစနစ်ကိုအခြေခံ၍ ဆောင်ရွက်ပေးလျက်ရှိရာ ဝါစိုက်တောင်သူများ၏ဝါသီးနှံများ အထွက်တိုးစေရေးအတွက်လည်းကောင်း၊ ထွက်ရှိလာသော ဝါများကို ဈေးကွက်ရရှိနိုင်ရေးအတွက်လည်းကောင်း၊ ဝါကုန်ကြမ်းများကို ကြိတ်ခွဲဆောင်ရွက်နေ သောလုပ်ငန်းရှင်များ ထုတ်လုပ်မှုစွမ်းရည်မြင့်မားစေရေးအတွက်လည်းကောင်း လုပ်ငန်းလိုအပ်ချက် များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မြင့်ဝင်းကြည်နှင့် တာဝန်ရှိသူများသည် ရမည်းသင်းမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ တပ်ကုန်း မြို့နယ်များသို့ သွားရောက်ကာ ဝါစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲကို အဆိုပါ မြို့နယ်များရှိ သမဝါယမဦစီးဌာနရုံးများ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

 တွေ့ဆုံပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ်က ဝါစိုက်တောင်သူနှင့် ဝါစက်လုပ်ငန်းရှင်များ စုပေါင်း၍လည်းကောင်း၊ ဝါစက်လုပ်ငန်းရှင်များအချင်းချင်း စုပေါင်း၍လည်းကောင်း သမဝါယမ အသင်းများ ဖွဲ့စည်းပြီးပူးပေါင်းဆောင်ရွက်နိုင်ရေး၊ သမဝါယမဦးစီးဌာနမှ တောင်သူများ လိုအပ်သည့် အထွက်တိုးမျိုးများ၊ စက်ကိရိယာများ၊ သွင်းအားစုများကို ပံ့ပိုးဆောင်ရွက်ပေးမည့်အခြေအနေများ၊ ဈေးကွက်ရရှိအောင် ဆောင်ရွက်ပေးမည့်အခြေအနေများနှင့် သမဝါယမအသင်းများဖွဲ့စည်း၍ သမဝါယမစနစ်ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားရာ ဝါစက်လုပ်ငန်းရှင်များမှ တင်ပြလာသော အခက်အခဲများ၊ လိုအပ်ချက်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်