Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာရှိ ဝါစိုက်တောင်သူများအား မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်


21 Jul,2026

မြို့သစ် ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ လူမှုစီးပွားမြှင့်တင်ရေး(သက်တံ့ရောင်) စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ဝါသီးနှံစိုက်ပျိုး သည့်တောင်သူများအတွက် မျိုးနှင့်သွင်းအားစုပံ့ပိုးပေးအပ်ပွဲကို မြေပြင်သာကျေးရွာအုပ်စု၊ မြေပြင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်း(ဓမ္မာရုံ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့သစ်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာလတ်ဖြူက ဝါသီးနှံစိုက်ပျိုး သည့် တောင်သူများအား လူမှုစီးပွားမြှင့်တင်ရေး(သက်တံ့ရောင်)စီမံကိန်းဖြင့် မျိုးနှင့် သွင်းအားစု များ ပံ့ပိုးပေးအပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြား၍ မြေပြင်သာကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသား တောင်သူ(၄၆)ဦး၊ ဝါသီးနှံဧက (၁၅၀)ဧကအတွက် စုစုပေါင်းငွေကျပ်သိန်း (၃၅၄၀၀၀၀၀/-) တန်ဖိုးရှိ မျိုးစေ့နှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်