သဲကုန်း ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ ချမ်းမြေ့ငါးမွေးမြူရေးကုန်ထုတ် သမဝါယမအသင်းလီမိတက်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အင်းမမြို့၊ ချမ်းမြေ့ငါးမွေးမြူရေးကုန်ထုတ် သမဝါယမအသင်းလီမိတက် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ချမ်းမြေ့ငါးကုန်ထုတ်သမဝါယမအသင်းဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် သဲကုန်းမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီသန့်တို့က အဖွင့်အမှာစကားများ ပြောကြား ခဲ့ပြီး၊ အသင်းအမှုဆောင်များမှ လုပ်ငန်းပိုင်းဆိုင်ရာအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းအား ရှင်းလင်းဖတ်ကြားတင်ပြခဲ့ကြ၍ တက်ရောက်လာသော သမဝါယမအသင်းသားများမှ သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းတင်ပြခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြား ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ သဲကုန်းမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီသန့်နှင့် ဝန်ထမ်းများ၊ သဲကုန်းမြို့နယ်အတွင်းရှိ ချမ်းမြေ့ငါးမွေးမြူရေးကုန်ထုတ် သမဝါယမအသင်း လီမိတက်မှ အသင်းသား (၁၈) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ကိုကျော်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်