မြိတ် ဇူလိုင် ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေ ချောမွေ့စေရေးအတွက် ကျေးရွာချင်းဆက်နှင့် ကျေးရွာအဝင် လမ်းရှိ ကျောက်ကြီးစီ သံကူကွန်ကရစ်တံတား တစ်စင်းနှင့် Box Culvert နှစ်စင်းကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ဆောင်ရွက်ပြီးစီးသည့် ရှမ်းတောင်- စလွန်း လမ်းပေါ်ရှိ ကျောက်ကြီးစီ ကမ်းကပ်ခုံ သံကူကွန်ကရစ် တံတားတစ်စင်းနှင့် စလွန်းကျေးရွာအဝင်လမ်းပေါ်ရှိ Box Culvert တစ်စင်းတို့ကို တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ထို့အတူ ဆလင်ကျေးရွာအဝင်လမ်းပေါ်တွင် ကျောက်ကြီးစီကမ်းကပ်ခုံ သံကူကွန်ကရစ်ကြမ်းခင်း Box Culvert တစ်စင်းကို ပြည်ထောင်စု(ပြင်ထိန်း) ရန်ပုံ ငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပြီးခဲ့သည့် အဆိုပါ တံတားနှင့် Box Culvert တို့ကို အသုံးပြု၍ ကျေးလက်နေပြည်သူများ သွားလာမှု လွယ်ကူ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်