Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သီပေါမြို့နယ်၌ “အောင်မြေစု” စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်


20 Jul,2026

သီပေါ ဇူလိုင် ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျောင်းစုကျေးရွာ “အောင်မြေစု” စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်ရုံးခန်းမတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ“အောင်မြေစု” စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက် အတွင်းရေးမှူး ဦးဟန်ထွန်းကအမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်ရတနာဝင်းက မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေမှု အခြေအနေများနှင့် အသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေအရ အသင်းစည်းကမ်းအား ပြင်ဆင် ဖြည့်စွက်ခြင်းစသည်တို့ကို ပြောကြားခဲ့သည်။ ထို့နောက်အစည်းအဝေးသို့တင်ပြသည့် အမှုဆောင် ကော်မတီ၏ အစီရင်ခံစာတင်သွင်းခြင်းနှင့် အတည်ပြုချက်များရယူခြင်းများဆောင်ရွက်ခဲ့ကာ တာဝန်ရှိသူများက အသင်းသားများအား စုဆောင်းငွေပေါ်အတိုးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်