Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲကျင်းပ


23 Jul,2026

သရက်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲကျင်းပ

***********************************************
သရက် ဇူလိုင် ၂၃
         
       သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မ‌ကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပန်းရံသင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၂၂ရက် နံနက်ပိုင်းက ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
       ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးကျော်ကျော်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တခရိုင်ဦးစီးမှူး ဒေါ်ငုဝါထွေးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းမှသင်ကြား ပေး သော သင်ခန်းစာများအား လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချသွားကြရန် ပြောကြားခဲ့သည်။
       ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ထူးချွန်ဆုရရှိသည့် သင်တန်းသားများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ခေတ္တခရိုင်ဦးစီးမှူး ဒေါ်ငုဝါထွေးက သင်တန်းသားများထံ သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။
       အဆိုပါသင်တန်းဆင်းပွဲသို့ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သရက်မြို့နယ်အတွင်း ကျေးရွာခြောက်ရွာမှ သင်တန်းသား ၂၀ဦးဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဇူလိုင် ၈ရက်မှ ၂၂ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်