Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်လတ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရေးဆွဲနည်းသင်တန်းပို့ချ


23 Jul,2026

ကျိုက်လတ်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းရေးဆွဲနည်းသင်တန်းပို့ချ

ကျိုက်လတ်  ဇူလိုင် ၂၃

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဆောင်ရွက်မည့်  ကျေးရွာ ခြောက်ရွာမှ ကော်မတီဝင်များ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်၍ VDP စီမံကိန်းရေဆွဲနည်းနှင့် စီမံကိန်းရန်ပုံငွေသုံးစွဲရေး အစီအစဉ် (AVIP)သင်တန်းကို ဇူလိုင်လ ၂၁ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က  လူဦးရေနှင့် အခြေခံ အချက်အလက်များကောက်ယူနည်း၊ သယံဇာတပြမြေပုံရေးဆွဲနည်း၊ ရာသီခွင်ပြ ပြက္ခဒိန်ရေးဆွဲနည်း၊ AVIP ပုံစံများ ဖြည့်သွင်းနည်း၊ လုပ်ငန်းပြီးစီးမှုအစီရင်ခံစာတင်ပြခြင်းနည်းနှင့် မှတ်တမ်းထိန်းသိမ်းနည်း စသည့်သင်ခန်း စာများနှင့် ပတ်သက်၍ ပြောကြားသည်။

အဆိုပါသင်တန်းသို့ ကျိုက်လတ်မြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင် အထည်ဖော်ဆောင်ရွက်မည့် အဟူးကျေးရွာ၊ ဒရယ်ချိုကျေးရွာ၊ စစ်ကုန်းကျေးရွာ၊ ထရော်ရွာသစ်ကျေးရွာ၊ ကမာချိုင့်ကျေးရွာနှင့် ဒန်းဒလိကျေးရွာတို့မှ ကော်မတီဝင်ဦးရေ ၁၂ဦးတက်ရောက်ကြပြီး သင်တန်းတွင် သင်တန်းနည်းပြများက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း စီမံကိန်း(VDP)ရေးဆွဲနည်းနှင့်ပတ်သက်သည့် သင်ခန်းစာများကို ဇူလိုင်လ ၂၁ရက်နေ့မှ ဇူလိုင်လ ၂၅ရက်နေ့ထိ သင်တန်းကာလ ၅ရက်ကြာစာတွေ့လက်တွေ့ဖြင့် သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရရှိန်က ပြောပြ၍ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်