Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ ဧရာပဒေသာ စပါးမျိုးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး


22 Jul,2026

ကျောက်ဆည် ဇူလိုင် ၂၂

မန္တလေးတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းသည် ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တာဝန်ကျကွင်းဆင်း ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစု အတွင်းရေးမှူးတို့နှင့်အတူ ကျောက်ဆည်မြို့နယ် ငါးလုံကုန်းကျေးရွာ ငါးလုံကုန်း စိုက်ပျိုးရေးနှင့်အထွေထွေသမအသင်းသားတောင်သူ ဦးအောင်ဝင်း ၏ ဧရာပဒေသာစပါးမျိုး မိုးစပါး စိုက်ပျိုးနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။

ထိုသို့ ကြည့်ရှုအားပေးရာ၌ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးက မိုးစပါးများ စိုက်ပျိုးရာတွင် တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိရေး၊ အပင် ပွားနှုန်း ကောင်းမွန်ရေး သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် ပင်ကြား၊ တန်းကြား အကွာအဝေး ညီညာစွာဖြင့် တစ်ဧက ကောက်ကွက် ပြည့်မီအောင် စိုက်ပျိုးသွားကြရန် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပြီး ကွင်းအမှတ် (၁၆၂)၊ ဦးပိုင်အမှတ် (၂၄/၄)၊ တောင်သူ ဦးအောင်ဝင်း၏ ဧရာမင်း မိုးစပါး ၄ ဧကအား ကောက်စိုက်သမများဖြင့် စိုက်ပျိုးနေမှုများအား ကြည့်ရှုခဲ့ကြောင်းနှင့် ကောက်စိုက်ခမှာ တစ်ဧက တစ်သိန်းနှစ်သောင်းကျပ်ဖြစ်ကြောင်း  တောင်သူဦးအောင်ဝင်းက ပြောပြသည်။

ကျောက်ဆည်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်  မိုးစပါး ၅၂၈၁၇ ဧက လျာထား စိုက်ပျိုးလျက်ရှိပြီး မြို့နယ်သမဝါယမအသင်း ၁၆ သင်းမှ အသင်းသားတောင်သူများက မိုးစပါး ၂၀၀၀ ဧက ပူးပေါင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး မှ ပြောပြသည်။

သက်မောင်(ကျောက်ဆည်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်