ပုလော ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါး စိုက်ပျိုးသည့် သမဝါယမကဏ္ဍဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် အသင်းသား တောင်သူများ ကို မျိုးစပါးနှင့် သွင်းအားစု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ပုလောမြို့ သမဝါယမဦးစီးဌာန ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပေးအပ်ချီးမြှင့်ပွဲတွင် ပုလောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်း က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုး က တောင်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသတွင်း ဝမ်းစာဖူလုံစေရန်၊ မိုးစပါး ပန်းတိုင်အထွက်နှုန်း တိုးတက်လာစေရန် ရည်ရွယ်၍ ပေးအပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးသည်။
ပုလောမြို့နယ်၌ ရွှေဝါရင်သမဝါယမအသင်း၊ ထိပ်တန်းရှင်သမဝါယမအသင်း၊ ဇီဇဝါ သမဝါယမအသင်း အခြေခံသမအသင်း(၃)သင်းတွင် တောင်သူ (၅၆)ဦး မိုးစပါးစိုက်ဧက (၄၂၃) ဧကအတွက် တစ်ဧက (၂) သိန်းခွဲနှုန်းနှင့် ညီမျှသော မျိုးစပါးနှင့် သွင်းအားစုများကို မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူလယ်ဝယ်အရောက် ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်