နေပြည်တော်၊ ဇူလိုင် ၂၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးဌာန အနေဖြင့် ဌာနရှိဝန်ထမ်းများအား အရည်အချင်းရှိပြီး စွမ်းဆောင်ရည်ပြည့်ဝသော နည်းပြများ ဖြစ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှု နည်းပညာ(TဝT) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ Incubation Centre ၌ ကျင်းပသည်။
အခမ်းအနားသို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြပါသည်။
ဦးစွာ ညွှန်ကြားရေးမှူးချုပ်က မိမိတို့ဌာနရှိ ဝန်ထမ်းများသည် ရုံးလုပ်ငန်းတာဝန်များအပြင် နည်းပြတာဝန်များကိုပါ ထမ်းဆောင်ကြရသည့် ဝန်ထမ်းများဖြစ်၍ ရုံးလုပ်ငန်းများကို ကျွမ်းကျင်စွာ တတ်မြောက်ရမည်ဖြစ်သကဲ့သို့ နည်းပြတစ်ဦး ပီသစွာ မိမိတို့ သင်ကြားပေးရမည့် ဘာသာရပ်များကို လည်း ကျွမ်းကျင်နေရန် လိုအပ်ပါကြောင်း၊ ထို့အပြင် အများပြည်သူများနှင့် ထိတွေ့ဆက်ဆံကြရာ တွင် ဆရာကျင့်ဝတ်များကို လိုက်နာကြရန် လိုအပ်သကဲ့သို့ ပြည်သူ့နီတိကိုလည်း လေးစားကြရမည် ဖြစ်ပါကြောင်း၊ ယခုလို TဝT သင်တန်းများကို ဖွင့်လှစ်ပေးနေခြင်းသည် မိမိတို့ဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးနေခြင်းဖြစ်ပါကြောင်း၊ ယခု သင်တန်းဆင်း နည်းပြများ အနေဖြင့် ရောက်ရာဒေသအသီးသီးတွင် ဆရာ့ကျင့်ဝတ်မပျက်စေရန်အတွက် သတိပြုလိုက်နာ ကြရန် အထူးမှာကြားလိုပါကြောင်း၊ ထို့အပြင် တစ်ဦးချင်း စွမ်းရည်ရှိမှ နိုင်ငံ့အကျိုးသယ်ပိုးနိုင်မည် ဖြစ်၍ စွမ်းအားရှိသလောက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းတွင် ဆုရရှိသော သင်တန်းသားများအား ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော သင်တန်းဆင်း ထုတ်ကုန် များအား လှည့်လည် ကြည့်ရှုအားပေးပြီး စားသောက်ကုန်၊ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ဆောင်ရန်/ရှောင်ရန် အချက်များကို လိုက်နာကြရန် လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်