ကျွန်းစု ဇူလိုင် ၂၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစု မြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုပေးအပ်ပွဲကို ယမန်နေ့က ပဲယာကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်စိမ့်ထွန်းက တောင်သူများအား သွင်းအားစုပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျွန်းစုမြို့နယ်အတွင်း ပဲယာကျေးရွာ သမာဓိလယ်ယာနှင့်အထွေထွေ သမဝါယမအသင်းမှ အသင်းသားတောင်သူ ၈၅ ဦး၊ စိုက်ပျိုးဧက ၄၅၀ အတွက် ပံ့ပိုးငွေကျပ် ၁၁၂၅ သိန်းနှင့်ညီမျှသော သွင်းအားစုများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
သမဝါယမဦးစီးဌာန
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်