Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ်၌ ရွှေလေးစိုက်ပျိုးရေးနှင့်အ‌ထွေထွေ လုပ်ငန်းသမဝါယမအသင်းလီမိတက်မှ နွေစပါး ရိတ်သိမ်းမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


24 Jul,2026

မြစ်သား ဇူလိုင် ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မြို့နယ်သမဝါယမအသင်းစုငွေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်၊ အသင်းသားတောင်သူတစ်ဦးခြင်းဝင်‌ငွေတိုးပွားစေရန်နှင့် စားနပ်ရိက္ခာဖူလုံ စေရန် ရည်ရွယ်၍ ရွှေလေးကျေးရွာရှိ ရွှေလေးစိုက်ပျိုးရေးနှင့် အ‌ထွေထွေလုပ်ငန်းသမဝါယမ အသင်းမှ အသင်းသားတောင်သူ ဦးကိုကို‌မောင်၏ ကွင်းအမှတ်( ၅၈၉) ၊ ဦးပိုင်အမှတ် (၄၅/၁)ရှိ စိုက်ဧက ၁၀ ဧကတွင် စိုက်ပျိုးထားသည့်နွေစပါးရိတ်သိမ်းမှုအခြေအနေအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင်  မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ဆင်းသုခ စပါးမျိုး ရိတ်သိမ်း‌ခြွေ‌လှေ့စက်ဖြင့်စပါးရိတ်သိမ်း‌နေသည့်အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ရာ တစ်ဧကလျှင် ၁၁၀ တင်းပျမ်းမျှထွက်ရှိ‌ကြောင်း၊ နွေစပါးစိုက်အသင်းသား တောင်သူများကို စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အောင်မြင်အောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါကြည့်ရှုစစ်ဆေးရာသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှတာဝန်ရှိသူများနှင့် ရွှေလေးစိုက်ပျိုးရေးနှင့် အ‌ထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်