Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အင်္ဂပူမြို့နယ် ကရင်ကူးလေးကျေးရွာ၌ ကွန်ကရစ်ဘောင်စီမြေရောကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်ကွင်းဆင်းစစ်ဆေး


24 Jul,2026

အင်္ဂပူမြို့နယ် ကရင်ကူးလေးကျေးရွာ၌ ကွန်ကရစ်ဘောင်စီမြေရောကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်ကွင်းဆင်းစစ်ဆေး

‎************************************************************************

‎အင်္ဂပူ           ဇူလိုင်        ၂၄

‎‎သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင် ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အင်္ဂပူမြို့နယ် ကရင်ကူးလေးကျေးရွာတွင်းလမ်း ကွန်ကရစ် ဘောင်စီမြေရောကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများက ယနေ့နံနက် ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

‎‎ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြန်အောင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်တင်အောင်၊ အင်္ဂပူမြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းနိုင် နှင့် ဝန်ထမ်းများသည် ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ကရင်ကူးလေးကျေးရွာ၌ ရွာတွင်းလမ်း အရှည် ၆၈၀ ပေ လမ်းအကျယ် ၁၀ ပေ လမ်းအမြင့် ၆ လက်မ ကွန်ကရစ်ဘောင်စီမြေရောကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ်သော လုပ်ငန်းသုံး ပစ္စည်းများ စုဆောင်းထားရှိမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာတွင်းလမ်းဖြစ်မြောက်ရေးကော်မတီဝင်များ နှင့်တွေ့ဆုံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်း ဖြစ်သည့်အတွက် တန်ဖိုးထားဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

‎‎အဆိုပါကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်စီမြေရောကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ် ၁၅ သန်း နှင့် ပြည်သူထည့်ဝင်ငွေကျပ် ၃ သန်း၊ စုစုပေါင်းငွေကျပ် ၁၈ သန်း ဖြင့် အင်္ဂပူမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ/သားများ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကျေးရွာတွင်းလမ်း ဆောင်ရွက်ပြီးစီးပါက ကရင်ကူးလေးကျေးရွာရှိ အိမ်ခြေ ၁၃၆ အိမ်မှ လူ ၅၂၁ ဦး၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း မြန်အောင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်