သနပ်ပင်မြို့နယ် ကလိုင်ကျေးရွာ၌ ကျေးရွာတွင်း ဂဝံခင်းခြင်းလုပ်ငန်းများရာနှုန်းပြည့်ပြီးစီးမှုစစ်ဆေး
သနပ်ပင်၊ဇူလိုင်လ ၂၄
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကလိုင်ကျေးရွာ အုပ်စု၊ကလိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့်ကျေးရွာတွင်းလမ်းဂဝံခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးမှု အခြေ အနေများကို ယနေ့နံနက်ပိုင်းကတာဝန်ရှိသူ များကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ၊ကလိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ၊ကျေးရွာနေပြည်သူများ၏လုပ်အားထည့်ဝင်မှုတို့ဖြင့်ဆောင်ရွက်ခဲ့သည့် ကျေးရွာတွင်း ဂဝံခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးမြို့နယ်ဦးစီးမှူးဒေါ်ကေသီထွန်းက လမ်းရေ ရှည်တည်တံ့ခိုင်မြဲစေရေးကျေးရွာသူ၊ကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။
ကလိုင်ကျေးရွာအုပ်စု၊ကလိုင်ကျေးရွာ၌ အရှည် ၈၆၅ပေ၊အကျယ် ၁၂ပေ၊အမြင့် ၆ လက်မအတိုင်းအတာရှိ ကျေးရွာတွင်းလမ်းဂဝံခင်းခြင်းလုပ်ငန်းကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေများအနက်ငွေကျပ် ၁၇၆သိန်းအသုံးပြုကာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများကအနီးကပ်ကြီးကြပ်၍ ကျေးရွာသူ၊ကျေးရွာသားများကိုယ်တိုင်ယခုလ ပထမပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းလမ်းဂဝံခင်းခြင်းလုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည့်အတွက်ကလိုင်ကျေးရွာရှိကျေးရွာသူ၊ကျေးရွာသားများ ရာသီမရွေးသွားလာရလွယ်ကူလာမည်ဖြစ်ပြီးကျန်းမာရေး၊လူမှုရေးနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများတွင်ယခင်ကထက်ပိုမိုအကျိုးပြုသွားမည်ဖြစ်ကြောင်း သနပ်ပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီထွန်းက ပြောပြ၍ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်