၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၆
ဇေယျာသီရိမြို့နယ်၊မအူတောကျေးရွာအုပ်စု ၊စိမ်းစားပင်ကျေးရွာ၊ ရွှေဇေယျာစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၏ တစ်ဆက်တစ်စပ်တည်းဧက(၁၅၀)တွင် မိုးစပါးထိုင်းနှံကောက်စပါးမျိုးများ စိုက်ပျိုးထားရှိမှုကို သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီးပွား) ဦးဆောင်၍ ဌာနတာဝန်ရှိသူများ၊ အသင်းအမှုဆောင်များနှင့် ကြီးကြပ်ရေးကော်မတီဝင်များ လိုက်ပါလျှက် မိုးစပါးစိုက်ပျိုးပြီးစီးမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ဒုတိယညွှန်ကြားရေးမှုချုပ်(စီးပွား)မှ စိုက်ပျိုးရေးဆိုသည်မှာ အချိန်ကိုက် အခါကိုက် ဆောင်ရွက်မှသာလျှင် ရာသီကုန်ချိန်တွင် သီးနှံအထွက်နှုန်း တိုးနိုင်မည်ဖြစ်ရာ ယခုအပင်အသက် (၁၀)ရက်ခန့်ရှိပြီဖြစ်သဖြင့် အပင်ပေါက်များ အစေ့တွင်းစာကုန်ချိန်တွင် ပုလဲ၊ မြေဩဇာ ပတ်ဖြန်းရမည်ဖြစ်ရာ ဌာနအနေဖြင့် လိုအပ်သောသွင်းအားစုမြေဩဇာများ အချိန်မီရရှိနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ပေးသွားရန်နှင့် သတ်မှတ်ချိန်တွင် သတ်မှတ်အချိုးအစားအတိုင်း အစာအဟာရကျွေးမွေး နိုင်ရေးနှင့် အပင်အသက် ရက်အလိုက် ကျရောက်တတ်သည့် ပိုးမွှား၊ ရောဂါများကိုလည်း လက်ဦးမှုရယူ၍ ဦးနှိမ်နိုင်ရေး စိုက်ပျိုးရေးဦးစီးဌာနနှင့်ပေါင်းစပ်၍ တောင်သူပညာပေးလုပ်ငန်းများအား ဆောင်ရွက် သွားရန်နှင့် တောင်သူလိုအပ်ချက်များအား စဉ်ဆက်မပျက်ထိတွေ့ကြပ်မတ်နိုင်ရေး ဌာန၊ အသင်းတာဝန် ရှိသူများနှင့် စိုက်/ကြပ်ကော်မတီဝင်များမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်