အိမ်မဲမြို့နယ် အုန်းတောစုကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု စစ်ဆေး
************************************************************************
အိမ်မဲ ဇူလိုင် ၂၇
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း နှင့် မိသားစုဝင်ငွေများတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျစေရန် ရည်ရွယ်၍ အိမ်မဲမြို့နယ်၊ ကမန်းတောင်ကျေးရွာအုပ်စု၊ အုန်းတောစုကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို (၂၆-၇-၂၀၂၆)ရက်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကို၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစတင်မျိုးလွင် နှင့် ခရိုင်၊ မြို့နယ်မှ စီမံကိန်းတာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ အုန်းတောစုကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားမှုများနှင့် လအလိုက် ဖြည့်သွင်းရသည့် စာရင်းဇယားများ ပြည့်စုံမှု ရှိ၊ မရှိကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး ဦးကျော်သူကိုကိုက တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးချဲ့ လုပ်ကိုင်ပြီး မိသားစုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ တိုးပွားလာစေရန်အတွက် ကြိုးစားဆောင်ရွက် ကြရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အုန်းတောစုကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်က စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း အသင်းသား၊ အသင်းသူ ၁၃၅ ဦးကို အရင်းမပျောက် လည်ပတ်ရန်ပုံ ငွေကျပ် ၄၉ ဒသမ ၈ သန်း ထုတ်ချေးထားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြောင်းမြခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်