Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သန်လျင်မြို့နယ် စိကုန်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးစီမံကိန်း(SEP)လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


27 Jul,2026

သန်လျင်မြို့နယ် စိကုန်းကျေးရွာ၌ အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးစီမံကိန်း(SEP)လုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

‎************************************************************************

‎သန်လျင်         ဇူလိုင်         ၂၇

‎‎သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် ရည်ရွယ်၍ ကဒတ်ဖြာကျေးရွာအုပ်စု၊ စိကုန်းကျေးရွာ၌ ကျေးလက်ဒေသအခြေခံအိမ်ထောင်စုများအတွက် အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးစီမံကိန်း (SEP) လုပ်ငန်းများ ဆောင်ရွက်နေမှုကို ဇူလိုင် ၂၄ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

‎‎ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ သန်လျင်ခရိုင်ဦးစီးမှူး၊ သန်လျင်မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်အတူ စိကုန်းကျေးရွာ၌ ကျေးလက်ဒေသအခြေခံအိမ်ထောင်စုများ အတွက် အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးစီမံကိန်း(SEP) ဆောင်ရွက်နေမှုအခြေအနေနှင့် မွေးမြူ ရေးလုပ်ငန်းများ လုပ်ကိုင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက စီမံကိန်းအသင်းသူ အသင်းသားများနှင့်တွေ့ဆုံ၍ ဒေသခံပြည်သူများ၏ တင်ပြချက် များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

‎‎အသက်မွေးဝမ်းကျောင်းမြှင့်တင်ရေးစီမံကိန်း (SEP)ဖြင့် ကျေးလက်ဒေသအခြေခံအိမ်ထောင်စုများ အတွက် လိုအပ်သော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို ထောက်ပံ့ပေးခြင်း၊ ကျေးရွာများတွင် ကနဦးစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ငွေကြေးပံ့ပိုးပေးခြင်း၊ ဒေသခံများအတွက် လိုအပ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်