သာစည် ဇူလိုင် ၂၄
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကျေးရွာများရှိ စိုက်ပျိုးရေးနှင့်အထွေထွေ သမဝါယမအသင်းများမှ အသင်းသားတောင်သူများကမိုးဝါများစိုက်ပျိုးထားရာ ယင်းမရိုးကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသား တောင်သူများ စိုက်ပျိုးထားသော မိုးဝါများ ပန်းတိုင်အထွက်နှုန်းရရှိရေး မြို့နယ်မှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညီညီဝင်းနှင့် တာဝန်ကျဝန်ထမ်းများက အသင်းသားတောင်သူဦးငြိမ်းမောင်၏ မိုးဝါစိုက်ခင်းများအားကြည့်ရှုပြီး အသင်းသား တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးထားသည့် မိုးဝါများ ပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထားဆောင်ရွက်ကြရန်၊ အခက်အခဲနှင့်နည်းပညာများ လိုအပ်ပါက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
လူမှုစီးပွားမြှင့်တင်ရေး(သက်တန့်ရောင်)စီမံကိန်းနှင့် အသင်းအချင်းချင်းတို့၏ ပံ့ပိုးမှုဖြင့် ယင်းမရိုးကျေးရွာစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသားတောင်သူများက မိုးဝါဧက ၁၈၀ စိုက်ပျိုးထားကြောင်းသိရသည်။
ထွန်းထွန်း(သာစည်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်