Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

စာဖတ်စွမ်းရည်မြှင့်တင်ရေးနှင့် လူငယ်စကားဝိုင်းကျင်းပ


27 Jul,2026

ပုသိမ်ကြီး ဇူလိုင် ၂၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမကောလိပ်(မန္တလေး)တွင်  စာဖတ်စွမ်းရည်မြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့က ရန်ကင်းခန်းမ၌ ကျင်းပခဲ့ရာ ‌‌‌‌‌ကျောင်းသား၊‌ ကျောင်းသူ ၂၃ ဦးတို့က ဖတ်ရှု့လေ့လာထားသည့် စာအုပ်တစ်အုပ်စီ၏  အကြောင်းအရာအနှစ်ချုပ်ကို တင်ပြကြပြီး အကောင်းဆုံးတင်ပြနိုင်သူ ၃ ဦးအား ကျောင်း အုပ်ကြီး ဒေါက်တာတင်မူအေးက ဆုများချီးမြှင့်သည်။  

ဆက်လက်၍ မွန်းလွဲပိုင်းတွင် အဆိုပါခန်းမ၌ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် သမဝါယမ‌‌ကောလိပ်(မန္တလေး)တို့ ပူးပါင်း၍ လူငယ် စကားဝိုင်းအစီအစဉ်ကို ကျင်းပရာ ကျောင်းအုပ်ကြီးက အမှာစကားပြောကြားပြီး လူငယ် စကားဝိုင်းတွင် လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ် နှစ်ခုဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးတို့က ပါဝင်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်