Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေကြည်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးသည့် အသင်းသား တောင်သူများအား သွင်းအားစုပေးအပ်


27 Jul,2026

ရေကြည် ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် သမဝါယမကဏ္ဍမှ တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးစိုက်ပျိုးထုတ်လုပ်သော အသင်းသား တောင်သူများအား သွင်းအားစုပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဆီဆုံကုန်းကျေးရွာ အသင်းဥက္ကဋ္ဌ နေအိမ်တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ပေးအပ်ပွဲသို့ စိုက်တိုးမြှင့်အဖွဲ့ဝင်များ သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ အသင်းသားတောင်သူ ၃၀ ဦး တက်ရောက်ခဲ့ပြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ကေသွယ်ဝင်းက စီမံကိန်းဆောင်ရွက်ချက်နှင့် ပန်းတိုင်အထွက်တိုးစေရေးကို ရှင်းလင်း ပြောကြား၍ အောင်နိုင်တိုးအထွက်တိုးမျိုး စိုက်ပျိုးသည့် အသင်းသားတောင်သူများအား တစ်ဧကလျှင် (၁.၅)သိန်းနှင့်ညီမျှသော သွင်းအားစုများအား ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

အောင်သူဟန် (ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်