Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေဖြူမြို့နယ်၌ မျိုးစပါးနှင့် သွင်းအားစုများပေးအပ်


27 Jul,2026

ရေဖြူ ဇူလိုင်  ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် သမဝါယမဦးစီးဌာနမှ နိုင်ငံ့စီးပွါးမြှင့်တင်ရေး ရန်ပုံငွေ(သမဝါယမကဏ္ဍ) မိုးစပါး စိုက်ပျိုးရေးစီမံကိန်း၏   မြို့နယ်အတွင်းရှိ  သမဝါယမ အသင်းသားတောင်သူ ၁၂၇ ဦး၏  လယ်ဧက ၆၂၀ အတွက်  ငွေကျပ် ၁၅၅၀ သိန်းနှင့်ညီမျှသော မျိုးစပါးနှင့် သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို  ယမန်နေ့နံနက်ပိုင်းက အထက(ရေဖြူ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ  မြို့နယ်အဆင့်   မိုးစပါးစိုက်ပျိုးရေး စီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးဇင်လင်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းအိဝင်းက စိုက်ဧကများ  ပိုမိုအထွက်နှုန်းတိုးတက်ရေး မျိုးစပါးနှင့် သွင်းအားစု များပံ့ပိုးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်