Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လွိုင်လင်မြို့ အောင်ချမ်းသာ အစိုးရဝန်ထမ်းပေါင်းစုံသမဝါယမအသင်းလီမိတက်၏ အသင်းသားများ၏ စုဆောင်းငွေပေါ်အတိုးပေးအပ်ခြင်းအခမ်းအနားကျင်းပ


27 Jul,2026

လွိုင်လင် ဇူလိုင် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အောင်ချမ်းသာအစိုးရဝန်ထမ်းပေါင်းစုံ ငွေစု ငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်း အဝေးနှင့် အသင်းသားများ၏ စုဆောင်းငွေပေါ်အတိုး (၂၀၁၉၈၁၀၀/-)ကျပ် ပေးအပ်ခြင်း အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် အမှုဆောင် ဒါရိုက်တာအဖွဲ့ လုပ်ငန်းအစီရင်ခံစာဖတ်ကြားခြင်း၊ အတည်ပြုခြင်း၊ အသင်းသားများမှ အကြံပြုဆွေးနွေးခြင်း များကို အစီအစဉ်အတိုင်းဆောင်ရွက်ကြသည်။

ထို့နောက်အသင်းသားများ၏ စုဆောင်းငွေပေါ်အတိုး (၂၀၁၉၈၁၀၀/-)ကျပ်ကို မြို့နယ် ရဲမှူးက ပေးအပ်ရာ အသင်းသားကိုယ်စားလှယ်တစ်ဦးမှ လက်ခံရယူသည်။ ယင်းနောက် အသင်းသားထူးချွန်ဆု၊ တက္ကသိုလ်ဝင်တန်းအောင် အသင်းသားများ၏ သားသမီးများအား ဂုဏ်ပြုဆုငွေများကို တာဝန်ရှိသူများမှ အသီးသီးပေးအပ်ပြီးနောက် အခမ်းအနားကို အောင်မြင် စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မိုး

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်