Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မကွေးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


27 Jul,2026

မကွေး ဇူလိုင် ၂၅

           မကွေးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လမ်း/တံတား တည်ဆောက်ခြင်းလုပ်ငန်းများကို ဇူလိုင် ၂၃ ရက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ (မြို့ပြ) ဦးအောင်ကိုကိုနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မကွေး - ရေနံချောင်းလမ်းမှကန်သစ် ကျေးရွာလမ်း ကွန်ကရစ်ခင်းခြင်းကို တင်ဒါအောင်မြင်သည့် Ten Ten Myanmar Co., Ltd. မှ တင်ဒါအောင်မြင်ငွေကျပ်သန်း ၄၃၂ ဒသမ ၄၄၀ ဖြင့် ဇွန် ၁၉ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ ၃၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်သည်။

          အဆိုပါ လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးသွားပါက ကျေးရွာ ငါးရွာ၊ အိမ်ထောင်စု ၁၃၅၄ စု၊ အိမ်ခြေ ၁၂၅၃ အိမ်၊ လူဦးရေ ၅၃ဝ၉ ဦးနှင့် စိုက်ပျိုးဧက ၈၈၄ ဒသမ ၃၁ ဧကတို့အတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုလွယ်ကူကောင်းမွန်လာပြီး လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်သည့် အကျိုးကျေးဇူးများဖြစ်ထွန်း စေမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်