Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကော့မှူးမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအား သွင်းအားစုနှင့် သက်တန့်ရောင် စီမံကိန်းရန်ပုံငွေပေးအပ်


27 Jul,2026

ကော့မှူး ဇူလိုင် ၂၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုပေးအပ်ခြင်းနှင့် သက်တန့်ရောင်စီမံကိန်းရန် ပုံငွေပေးအပ်ပွဲ အခမ်းအနားကို တောင်ပိုင်းရပ်ကွက် မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စုစုထွေးက သွင်းအားစု ပံ့ပိုးပေးခြင်းနှင့် သက်တန့်ရောင်စီမံကိန်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြား ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်တောင်သူ ၃၉၅ ဦး၊ စိုက်ပျိုးဧက ၃၄၅၁ ဧကအတွက် တောင်သူလိုအပ်သည့် သွင်းအားစုများနှင့်သက်တန့်ရောင် စီမံကိန်းရန်ပုံငွေဖြင့် အသင်းနှစ်သင်း အသင်းသား ၄၀ ဦးတို့အား ပံ့ပိုးငွေ ၄၁.၆၀ ကျပ်သန်းတို့ အား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သမဝါယမအသင်းသားတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်