တန့်ယန်း ဇူလိုင် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အောင်မြတ်ငွေစုငွေချေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် သဘာပတိ ဦးစိုင်းထွန်းကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးအရာရှိက လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြား သည်။
ယင်းနောက် အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာအား ဖတ်ကြားခြင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အောင်မြတ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ငွေစာရင်း ရှင်းတမ်းအား ဖတ်ကြား၍ အတည်ပြုခြင်း၊ အသင်းသား အသင်းသူများမှ ဆွေးနွေးမေးမြန်းခြင်း တို့ကို ဆောင်ရွက်ပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်