ထားဝယ် ဇူလိုင် ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနက နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် သမဝါယမကဏ္ဍမှ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းဆောင်ရွက်သော သမဝါယမ အသင်း ၄ သင်းမှ အသင်းသားပိုင်လယ် ၁၄၀၀ ဧကအတွက် ကျပ် ၃၅၀၀/- သိန်းနှင့်ညီမျှသော မျိုးစပါးသွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးမိုးအောင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးစပါး စိုက်ပျိုးရေးစီမံကိန်း သမဝါယမကဏ္ဍဖြင့်ဆောင်ရွက်မည့် ထားဝယ်မြို့နယ်အတွင်းရှိ သမဝါယမ အသင်းများမှ အသင်းသားတောင်သူများအား မတည်ရင်းနှီးငွေ ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး ကော်မတီအတွင်းရေးမှူး ဒေါ်ဝါဝါလွင်က အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌက သမဝါယမအသင်းစုသို့ မတည်ရင်းနှီးငွေကျပ် ၃၅၀၀/-သိန်းအား ပေးအပ်ပြီး ကော်မတီအတွင်းရေးမှူးနှင့် တာဝန်ရှိသူများက သွင်းအားစုနှင့် မျိုးစပါး များ ပေးအပ်သည်။
အခမ်းအနားသို့ မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သမဝါယမအသင်းများမှ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ထားဝယ်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်