Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောင်းကုန်းမြို့နယ်၊ မကျီးပင်ကွင်းကျေးရွာ၌ ခေတ်မီစံပြကျေးရွာ SMART Village ထူထောင်ရေး စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်


30 Jul,2026

ကျောင်းကုန်းမြို့နယ်၊ မကျီးပင်ကွင်းကျေးရွာ၌ ခေတ်မီစံပြကျေးရွာ SMART Village ထူထောင်ရေး စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်

=================================================================================================================================

ကျောင်းကုန်း ဇူလိုင်လ ၃၀

          ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ခေတ်မီ စံပြကျေးရွာ SMART Village ထူထောင်ရေးစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်းကို (၂-၇-၂၀၂၆)ရက်နေ့နံနက် ၁၀ နာရီက မကျီးပင်ကွင်းကျေးရွာအုပ်စု၊ မကျီးပင်ကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစောထွန်းဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးကျော်ဝင်းစိန်၊ ဦးထွန်းအေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးကိုကိုဦးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဝါဝါမြတ်မွန်က စီမံကိန်း ရည်ရွယ်ချက်၊ ဆောင်ရွက်ရမည့်နည်းလမ်းနှင့် စီမံကိန်းရွေးချယ်ရာတွင် အခြေခံရမည့်မူများကို ရှင်းလင်းပြောကြားပြီး စီမံကိန်းအဓိကလုပ်ငန်းစဉ်နှင့် အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မကျီးပင်ကွင်းကျေးရွာ၌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာမှ ကဏ္ဍကြီး (၆)ရပ်နှင့်ပတ်သက်၍ အသေးစိတ်အားရှင်းလင်း ပြောကြားပြီး ကျေးရွာသူကျေးရွာသားများ အဖွဲ့(၅)ဖွဲ့ ဖွဲ့၍ ၅နှစ်တာ စီမံချက်လုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်ခဲ့ကြောင်း နှင့်  ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ခေတ်မီစံပြကျေးရွာ SMART Village ထူထောင်ရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာပြည်သူများ၏ သဘောဆန္ဒ နှင့်အညီ ကျေးရွာစီမံကိန်း ကော်မတီဝင် ၇ ဦးကို ရွေးချယ် ဖွဲ့စည်းခဲ့ကြောင်း ကျောင်းကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။         


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်