Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ထားဝယ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းများမှ အသင်းသားတောင်သူများအား မျိုးစပါးနှင့် သွင်းအားစုများပေးအပ်


30 Jul,2026

ထားဝယ် ဇူလိုင် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများအတွက် ငွေကျပ်သိန်း ၃၅၀၀ နှင့်ညီမျှသော မျိုးစပါးနှင့် သွင်းအားစုများပေးအပ်ခြင်းကို ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပရာ မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်က အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဝါလွင်က မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထားသည့် အသင်းသားတောင်သူများအတွက် မျိုးစပါးနှင့်သွင်းအားစုများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေး ခဲ့သည်။

ဆက်လက်ပြီး ထားဝယ်မြို့နယ်အတွင်းရှိ သမဝါယမအသင်း ၄ သင်း၊ အသင်းသားတောင်သူ ၂၅ ဦး၏ လယ်ဧက ၁၄၀၀ အတွက် ငွေကျပ်သိန်း ၃၅၀၀ နှင့်ညီမျှသော မျိုးစပါးနှင့် သွင်းအားစု များအား အသင်းသား လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

သမဝါယမဦးစီးဌာန


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်