Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောက်ဥက္ကလာပမြို့နယ် သမဝါယမအသင်းမှ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများရောင်းချပေး


30 Jul,2026

မြောက်ဥက္ကလာပ ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ သမဝါယမအသင်းမှ အများပြည်သူများသို့ ဈေးနှုန်းချိုသာစွာဖြင့် ကြက်ဥများအား ရောင်းချပေးခြင်းကို မြို့နယ် သမဝါယမအသင်းစုလိမီတက်၏ ကုန်မျိုးစုံဆိုင်တွင်  ရောင်းချပေးလျက်ရှိသည်။

ထို့သို့ရောင်းချပေးရာတွင်  မြို့နယ်သမဝါယမအသင်းစုလိမီတက်အသင်းမှ အများပြည်သူ များ သက်သာသောဈေးနှုန်းဖြင့် ကြက်ဥများ ၀ယ်ယူနိုင်ရေးအတွက် ကြက်ခြံများမှ သွားရောက်၍ ကြက်ဥများအား ၀ယ်ယူကာ မြို့နယ်အတွင်းရှိ ပြည်သူများအား ကြက်ဥ တစ်လုံးလျှင် ၅၅၀ ကျပ်နှုန်းဖြင့် ကြက်ဉအလုံးရေ ၁၂၀၀၀ လုံးအား ရောင်းချပေးလျက်ရှိပြီး မြို့နယ်အတွင်းရှိ ပြည်သူများအား  မည်သူမဆို လိုအပ်သလောက် ၀ယ်ယူနိုင်ရေးအတွက်  တာ၀န်ရှိသူများက စနစ်တကျ ဖြန့်ဝေ ရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။ 

ထို့နောက် မြောက်ဥက္ကလာပမြို့နယ်သမဝါယမအသင်းစု အနေဖြင့် ဒေသခံပြည်သူများအား ဒေသထွက် ပစ္စည်းများ ၊ စားသောက်ကုန် နှင့် လူသုံးကုန်ပစ္စည်းများကိုလည်း သက်သာသော ဈေးနှုန်းဖြင့် မြို့နယ်သမဝါယမအသင်းစုလိမီတက် ဆန် ၊ ဆီ နှင့် အခြားကုန်မျိုးစုံ အရောင်းဆိုင်တွင် ရောင်းချ ပေးလျက်ရှိ ကြောင်းသိရသည်။

သက်လွင်စိုး (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်