Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

"ပညာတံခွန်" ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ


30 Jul,2026

စဉ့်ကိုင် ဇူလိုင် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပညာတံခွန်(ပညာရေး) ငွေစုငွေချေးအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ပညာရည်ချွန် ဆုပေးပွဲအခမ်းအနားကို အ-ထ-က(စဉ့်ကိုင်)ရှိ သဇင်ခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ သဘာပတိ ဦးခင်မောင်သိန်းနှင့် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မြတ်ကြူက သမဝါယမဦးစီးဌာနအနေဖြင့် အသင်းဝင်များအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် အသင်း၏စည်းမျဉ်းစည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပညာတံခွန် (ပညာရေး) ငွေစုငွေချေး သမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဘဏ္ဍာရေးရှင်းတမ်းများ၊ အစီရင်ခံစာများအား ဖတ်ကြားရှင်းလင်းရာ တက်ရောက်လာကြသည့် အသင်းသား၊ အသင်းသူများက အကြံပြုဆွေးနွေးခဲ့ကြသည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အသင်းသား၊ အသင်းသူများ၏ သားသမီးများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ ခြောက်ဘာသာ ဂုဏ်ထူးရှင်တစ်ဦး၊ လေးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်တစ်ဦး၊ ရိုးရိုး အောင်မြင်သူ ၁၀ ဦးတို့အား တာဝန်ရှိသူ အသီးသီးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ကြသည်။

၎င်းနောက် ပညာတံခွန် (ပညာရေး) ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ စုဆောင်း အတိုးရငွေ ၅၀,၂၄၁,၀၀၀ ကျပ်အား အသင်းသား ၉၂၄ ဦးတို့၏ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးတို့အတွက် ထောက်ပံ့ငွေများ ထုတ်ပေးနိုင်ခဲ့သည်။

ကျော်စွာ (စဉ့်ကိုင်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်