Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်လောင်းမြို့နယ်၌ အနာဂတ်ကြယ်ပွင့်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ


28 Jul,2026

ပင်လောင်း ဇူလိုင် ၂၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အနာဂတ် ကြယ်ပွင့်စိုက်ပျိုးရေးနှင့် အထွေထွစီးပွားရေးသမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မင်းဘူးကျေးရွာအုပ်စု၊ ဆောင်းဆီးကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးစိုင်းနော်ခမ်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆိုင်မွန်းတို့က အမှာစကားပြောကြားကြပြီး၊ အနာဂတ်ကြယ်ပွင့်စိုက်ပျိုးရေးနှင့် အထွေထွစီးပွားရေးသမဝါယမအသင်းစုလီမိတက်မှ အသင်းဝင် ဒေါ်မူအင်ကြင်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များ ကိုလည်းကောင်း၊ အသင်းဝင် ဒေါ်ထွေးငယ်က နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှုစာရင်း များနှင့် အသင်းသားစာရင်းစစ်အစီရင်ခံစာများကိုလည်းကောင်း ဖတ်ကြားကြကြောင်းသိရသည်။

ထို့နောက် အသင်းအမှုဆောင်အဖွဲ့မှ တင်ပြသည့် အသင်းစည်းကမ်းပြင်ဆင်ခြင်းနှင့် ပတ်သက်၍ အနာဂတ်ကြယ်ပွင့်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းစုလီမိတက် ဥက္ကဋ္ဌဘဘာပတိ ဒေါ်နန်းအေးချိုက အသင်းသားများ၏ သဘောဆန္ဒများကို ရယူအတည်ပြုပြီး အစည်းအဝေးရုပ်သိမ်းလိုက်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

ရှမ်းပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်