ကျောက်ဆည်မြို့နယ်ရှိ ကျေးရွာ ၄ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည်
************************************************************************
ကျောက်ဆည် ဇူလိုင် ၂၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၄ ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ ရဲဘော်လေးကျေးရွာ၊ ရဲကြီးကျေးရွာ၊ ရေကြည်ကျေးရွာနှင့် ဒါန်းကျေးရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဇူလိုင်လ ဒုတိယ ပတ်အတွင်းက စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများအား သက်ဆိုင်ရာကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း ဆောင်ရွက်ရာတွင် စီမံကိန်း၏ ရည်ရွယ် ချက်၊ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စီမံကိန်းမှ ရရှိမည့် အကျိုးကျေးဇူးများနှင့် ကျေးရွာပြည်သူများ ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် အခန်းကဏ္ဍများ၊ စီမံကိန်းလက်စွဲပါလမ်းညွှန်ချက်များ၊ ကျေးရွာ ဖွံ့ဖြိုးရေးကော်မတီ၏ တာဝန်နှင့် ဝတ္တရားများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာပြည်သူများ၏ သဘောတူညီမှုဖြင့် ကျေးရွာတစ်ရွာလျှင် ကော်မတီဝင် (၇)ဦးစီကို ရွေးချယ်ဖွဲ့စည်းခဲ့သည်။
အဆိုပါ VDP စီမံကိန်းအရ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် ရွေးချယ်ထားသည့် ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းများကို ကျေးရွာပြည်သူများ ကိုယ်တိုင်ပါဝင်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာ ပိုင်းဆိုင်ရာ အနီးကပ်ကြီးကြပ်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်ဆုအောင်ထံမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်