Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ဥက္ကလာပမြို့နယ်သမဝါယမအသင်းစုတွင် သက်သာသော‌ ဈေးနှုန်းများဖြင့် ကြက်ဥအလုံး (၈၀၀၀)ရောင်းချ


31 Jul,2026

တောင်ဥက္ကလာပ ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀) ရပ်ကွက် မေတ္တာလမ်း မြို့နယ်သမဝါယမအသင်းစုရုံးရှေ့၌ သက်သာသောနှုန်းများဖြင့် ကြက်ဥ အလုံး (၈၀၀၀)ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကြက်ဥအလုံး (၈၀၀၀) ရောင်းချပေးခြင်းကို မြို့နယ်သမဝါယမအသင်းစု၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိပြည်သူများ သက်သာချောင့်ချိစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် မြို့နယ်သမဝါယမအသင်းစုအတွက်  အရှုံးမရှိ သင့်တင့်သော အကျိုးအမြတ်ရယူပြီး ပြည်သူများ အတွက် ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့သို့ သင့်တင့်လျောက်ပတ်သော နှုန်းထားများဖြင့် ကြက်ဥများရောင်းချပေးခြင်းကို နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်