မြစ်သား ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးဝါစိုက်ပျိုးခြင်းဖြင့် အသေးစား၊ အလတ်စား ယက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းရရှိရေးနှင့် အထွက်နှုန်းကောင်းမွန်ပြီး ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသင်းသားတောင်သူ ၄၀ စိုက်ဧက ၉၈ ဧကအတွက် ၁၄ ဒသမ ၁၀၀ သန်းနှင့်ညီမျှသော သွင်းအားစုများပေးအပ်ထားသည့် ထားဝယ်အင်း ငွေစုငွေချေးသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်စွာဝင်း၏ ကွင်းအမှတ် (၆၄၆) ရှိ သုံးဧက ရွှေတောင် ၈ ဝါမျိုး စိုက်ပျိုးထားသည့် မိုးဝါစိုက်ခင်းကို တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်းက တောင်သူဦးကြီးများအား ခေတ်မှီစိုက်ပျိုးနည်းစနစ် များကို စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် စိုက်ပျိုးမြေများကိုပြုပြင်ပြီး မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးပေးရန် လိုအပ်ကြောင်း၊ ရေရရှိရေးနှင့်နည်းပညာများကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မိုးဝါစိုက်အသင်းသားတောင်သူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကြည့်ရှုစစ်ဆေးရာသို့ မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရ သည်။
ဝါဝါမြင့်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်