Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြောက်ဥက္ကလာပမြို့နယ် နွယ်နီထွန်းရောင်း၀ယ်ရေး သမဝါယမအသင်း၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်


31 Jul,2026

မြောက်ဥက္ကလာပ ဇူလိုင် ၃၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ၊ ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်း ခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ သမဝါယမအသင်းများမှ  နွယ်နီထွန်းရောင်း၀ယ်ရေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်နေ့အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို နွယ်နီ ၁၆ လမ်းရှိ  နွယ်နီဦးဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြောက်ဥက္ကလာပမြို့နယ်၊ သမဝါယမဦးစီးဌာနမှဦးစီးမှူး ဒေါ်သီတာမွန်က သမဝါယမအသင်းဥပဒေအရ အမှုဆောင်ရွေးချယ်တင်မြောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများ အား  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အသင်းမှဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို အမှုဆောင်အဖွဲ့၀င်ဦးသန်းလှ ဖတ်ကြားတင်ပြခဲ့ပြီး အသင်းသားများ၏ အတည်ပြုချက်များ ရခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ အသင်းသား ၇၂ ဦး တက်ရောက်ခဲ့ပြီး အစုပေါ်အမြတ်နှင့် အသင်းသားများအား အစုပေါ်အမြတ်ငွေများအား ပေးအပ်ခဲ့ကြောင်းသိရသည်။

သက်လွင်စိုး(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်