Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုးတက်အောင်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ အသင်းသားပိုင်ထွန်စက်များဖြင့် လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်


13 Feb,2023

တောင်ငူ၊ ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ငါးဖယ်အင်းကျေးရွာအုပ်စု၊ ကြံတောကျေးရွာရှိ တိုးတက်အောင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်း၏ အသင်းသားပိုင် Daedong RX 7620 ထွန်စက်များဖြင့် အသင်းသားပိုင်နှင့် ပုဂ္ဂလိကပိုင်လယ်ယာမြေများတွင်  လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာ၌ အသင်းသားပိုင် Daedong RX 7620  ထွန်စက်တစ်စီးလျှင် တစ်ရက် ပျှမ်းမျှ ၆ ဧကနှုန်း ထွန်ယက်နိုင်ပြီး တစ်ဧကငှါးရမ်းခငွေကျပ် ၄၅၀၀၀ နှုန်းဖြင့် တောင်သူများ နွေစပါးစိုက်ပျိုး ထုတ်လုပ်ရာ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်