ချမ်းအေးသာစံ ဇူလိုင် ၃၀
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရွှေပြည်သစ်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမ အသင်းလီမိတက်နှင့် ပြည့်စုံချမ်းသာ သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာနရုံး၌ ဆောင်ရွက်သည်။
ဦးစွာ ရွှေပြည်သစ်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် ပြည့်စုံချမ်းသာ သမဝါယမအသင်းလီမိတက် သဘာပတိများက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဋ္ဌေးနှင့် ချမ်းအေးသာစံမြို့နယ်သမဝါယမ ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမာဌေးတို့က အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေစာရင်းနှင့် ရှေ့လုပ်ငန်းစဉ်များအား တာဝန်ရှိသူများက ဖတ်ကြားခဲ့ပြီး အသင်းသားများထံမှ အတည်ပြုချက် များ ရယူခဲ့သည်။
ထို့နောက် ရွှေပြည်သစ်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်နှင့် ပြည့်စုံ ချမ်းသာသမဝါယမအသင်းလီမိတက် အမှုဆောင်အဟောင်းအဖွဲ့ နှုတ်ထွက်ခဲ့ပြီး အသင်း အမှုဆောင် နှင့် အသင်းစာရင်းစစ်များအား အဆိုပြုထောက်ခံစနစ်ဖြင့် ရွေးချယ်ပြီး ရွေးချယ်ခံရသော အသင်း အမှုဆောင်နှင့် အသင်းစာရင်းစစ်များက သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်