Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သက်တန့်ရောင်စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် သမဝါယမအသင်းသားများအား စီမံကိန်းရန်ပုံငွေ (၁၀၂)သိန်းတန်ဖိုးရှိ သွင်းအားစုများပေးအပ်ပွဲ ကျင်းပ


02 Aug,2026

အိမ်မဲ သြဂုတ် ၂

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ဘုရားကြီးကုန်းကျေးရွာအုပ်စု ဆိတ်ချေးကုန်းကျေးရွာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် သက်တန့်ရောင်စီမံကိန်းလုပ်ငန်းဆောင်ရွက်မည့် ထွန်းရွှေဝါကြီးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်အတွက် စီမံကိန်းရန်ပုံငွေ (၁၀၂)သိန်းတန်ဖိုးရှိ သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

 အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်ကိုကဦးက အဖွင့်အမှာစကားများကိုပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းသိန်းက သွင်းအားစုများပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့သည်။

 ဆက်လက်ပြီး သွင်းအားစုများပေးအပ်ပွဲအခမ်းအနားကျင်းပရာ အိမ်မဲမြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုးနိုင်၊ သမဝါယမ ဦးစီးဌာနဦးစီးအရာရှိနှင့်တာဝန်ရှိသူများက ထွန်းရွှေဝါကြီးစိုက်/ထွေသမဝါယမအသင်းသားတောင်သူ များအား သွင်အားစုပစ္စည်းများကိုပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြား ခဲ့သည်။ တောင်သူများစိုက်ပျိုးချိန်ရာသီတွင်လိုအပ်သော မျိုးအပါအဝင်သွင်းအားစုများပေးအပ်ခြင်း ကြောင့် အထွက်နှုန်းတိုးတက်ခြင်း၊ ဝင်ငွေတိုးပွားလာခြင်းနိုင်ငံအတွက်စားရေ ရိက္ခာပေါများ လာမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် ( ပြန်/ဆက်)

ဧရာဝတီတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်