Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လသာမြို့နယ်သမဝါယမအသင်းစုမှ ပြည်သူများအား ဈေးနှုန်းချိုသာသော ကြက်ဥများ ရောင်းချပေး


02 Aug,2026

လသာ ဩဂုတ် ၂

 ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်တွင် ပြည်သူများ၏ နေ့စဉ် စားသောက်ကုန်ဝယ်ယူအသုံးပြုမှုအတွက် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန် များကို သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူနိုင်စေရန်ရည်ရွယ်၍ လသာမြို့နယ်သမဝါယမအသင်းစုမှ လတ်ဆတ်သောကြက်ဥများကို အနော်ရထာလမ်းမပေါ်ရှိ မြို့နယ်သမဝါယမအသင်းစု၌ ဈေးနှုန်း ချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

 အဆိုပါရောင်းချမှုတွင် လတ်ဆတ်သန့်ရှင်းသော ကြက်ဥများကိုတစ်လုံးလျှင် ငွေကျပ် (၅၅၀) နှုန်းဖြင့် ရောင်းချပေးခဲ့ပြီး၊ လသာမြို့နယ်သမဝါယမအသင်းစုမှ ကြက်ဥစုစုပေါင်းအလုံးရေ (၄,၀၀၀)ကို ပြည်သူများထံ ဖြန့်ဖြူးရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများမှ အဆင်ပြေစွာ ဝယ်ယူ အားပေးခဲ့ကြကြောင်း သိရသည်။ ယင်းကဲ့သို့ ဈေးနှုန်းသက်သာစွာဖြင့် အခြေခံစားသောက်ကုန် များကို စဉ်ဆက်မပြတ်ရောင်းချပေးခြင်းသည် ပြည်သူများ၏ လူနေမှုကုန်ကျစရိတ် သက်သာစေရေး နှင့် စားသောက်ကုန်ဖူလုံမှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပြီး၊ လိုအပ်သည့်အခြေခံကုန်ပစ္စည်း များကိုလည်း ဆက်လက်ဖြန့်ဖြူးရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်း(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်