Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သီပေါမြို့နယ်၌ သစ္စာပန်းစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပပြုလုပ်


02 Aug,2026

သီပေါ ဩဂုတ် ၂

 ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ သစ္စာပန်း စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဦးစွာ သစ္စာပန်းစိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဒေါ်နီလာက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရတနာဝင်းက မြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေမှု အခြေအနေ များနှင့် အသင်းဥပဒေကိုပြင်ဆင်သည့် ဥပဒေအရ အသင်းစည်းကမ်းအား ပြင်ဆင် ဖြည့်စွက်ခြင်း စသည်တို့ကို ပြောကြားခဲ့သည်။

 ထို့နောက် အစည်းအဝေးသို့တင်ပြသည့် အမှုဆောင်ကော်မတီ၏ အစီရင်ခံစာတင်သွင်းခြင်းနှင့် အတည်ပြုချက်ရယူခြင်းများဆောင်ရွက်ခဲ့ကာ တာဝန်ရှိသူများက အသင်းသားများအား စုဆောင်းငွေ ပေါ် အတိုးများပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်

ရှမ်းပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်