Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့ဦးရောင်း‌ဝယ်‌ရေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ


02 Aug,2026

ဒဂုံမြောက် ဩဂုတ် ၂

 ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မြို့ဦးရောင်း‌ဝယ်‌ရေးသမဝါယမ အသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ခြင်းအခမ်းအနားကို မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 အစည်းအဝေးတွင် မြို့ဦးရောင်း‌ဝယ်‌ရေးသမဝါယမအသင်းဥက္ကဋ္ဌ ဦးအေးသောင်းနှင့် မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိတို့က အမှာစကားပြောကြားသည်။

 ဆက်လက်၍ အသင်းအမှုဆောင်များမှ ဒါရိုက်တာအဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်း တို့ကို ဖတ်ကြားတင်ပြခဲ့ပြီး အသင်းသားများအား အကျိုးဝေစုနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့သည်။ ဆက်လက်၍ အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်အရ အမှုဆောင်သစ်များ ပြန်လည် ရွေးချယ်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်