Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တနိုင်းမြို့နယ်တွင် ပညာအလင်းငွေစုငွေချေးလုပ်ငန်းသမဝါယမအသင်း(လီမိတက်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြောက်ပွဲ အခမ်းအနား ကျင်းပ


03 Aug,2026

တနိုင်း သြဂုတ် ၃

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ပညာအလင်းငွေစုငွေချေးလုပ်ငန်း သမဝါယမအသင်း(လီမိတက်)၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြောက်ပွဲ အခမ်းအနားကို အထက(၁)ကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သဘာပတိ ဒေါ်ရီရီဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး တနိုင်းမြို့နယ် သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဆန်းထွန်းမှ လမ်းညွှန်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အမှုဆောင်အဖွဲ့ အစီရင်ခံစာ ဖတ်ကြားခဲ့ပြီးနောက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြားသည်။ ထို့‌နောက် သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အသင်းအမှုဆောင်ဟောင်းများ နှုတ်ထွက်ကြောင်း ကြေညာပြီး အသင်းအမှုဆောင်ဟောင်းများနေရာတွင် အမှုဆောင်အသစ်များ ပြန်လည်ရွေးချယ် ခဲ့ကြောင်းသိရသည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော အသင်းဝင်များ၏သား၊ သမီးများကို တာဝန်ရှိသူတို့က ဆုချီးမြှင့်ခဲ့ပြီး မြို့နယ်ပညာ‌ရေးမှူး ဒေါ်ရီရီဝင်းက လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တနိုင်း (ပြန်/ဆက်)

ကချင်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်