Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ရဲတံခွန်ရောင်း‌ဝယ်‌ရေး သမဝါယမအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်


03 Aug,2026

ဒဂုံမြောက် ဩဂုတ် ၃

သမဝါယမနှင့်‌ ကျေးလက်ဖွံဖြိုး‌ရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ရဲတံခွန်ရောင်း‌ဝယ်‌ရေး သမဝါယမအသင်း၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်ခြင်း အခမ်းအနားကို (၃၉)ရပ်ကွက်၊ ဓမ္မသိဒ္ဓီဓမ္မာရုံ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရဲတံခွန်ရောင်း‌ဝယ်‌ရေး သမဝါယမအသင်းဥက္ကဋ္ဌနှင့် မြို့နယ်သမဝါယမ ဦးစီးဌာန၊ ဦးစီးအရာရှိ‌ ဒေါ်နေခြည်‌နွေးနွေးသိမ့်တို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ အသင်းအမှုဆောင်များမှ ဒါရိုက်တာအဖွဲ့အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြ ခဲ့ပြီး အသင်းသားများအား အကျိုးဝေစုနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အသင်းအမှုဆောင်များအား ဥပဒေနှင့်အညီ ရွေးချယ်ခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်