မိုးနဲ ဩဂုတ် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြဖူးဝေငွေစုငွေချေး ဈေးသမဝါယမအသင်း လီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် သင်းလုံးကျွတ်နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး နှင့် အသင်းအမှုဆောင်သစ်ရွေးချယ်ခြင်းကို မြို့နယ်ကမ္ဘောဇခန်းမတွင် ကျင်းပရာ သဘာပတိ အသင်းဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသန်းသန်းစိုးက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် နာယကမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖြည့်စွက်အမှာစကားပြောကြားပြီး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်ထွေးက အသင်းနှင့်စပ်လျဉ်း၍ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့် အသင်း၏ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းနှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် အသင်းသားစာရင်းစစ်အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြားအတည်ပြုခြင်း၊ မြဖူးဝေ ငွေစုငွေချေး ဈေးသမဝါယမအသင်းလီမိတက်၏ အမှုဆောင်သစ်ရွေးချယ်ခြင်း၊ သဘာပတိ၏ရှေ့တွင် အသင်းသား အမှုဆောင်သစ်များ ကတိသစ္စာခံယူခဲ့ကြောင်း၊၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသင်းသား စုဆောင်းငွေအပေါ်အတိုး ငွေကျပ် ၁၅၃၄၉၉၀၀ ကို ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)
ရှမ်းပြည်နယ်
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်