မိတ္ထီလာ ဩဂုတ် ၂
မိတ္ထီလာမြို့နယ် ကျောက်ဖြူကုန်းကျေးရွာအုပ် ဆူးဖြူကွက်ကျေးရွာ ဆူးဖြူကွက် မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းမှ ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့် အသင်းသားတောင်သူများအား မြို့နယ်သမဝါမသင်းစုမှ ပံ့ပိုးငွေနှင့် အသင်းပိုင်ငွေထုတ်ချေးပေးခြင်း အခမ်းအနားကို အဆိုပါ ကျေးရွာစာကြည့်တိုက်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီး သမဝါယမ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်လွင်က လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားခဲ့ပြီး ဆိတ်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် အသင်းသား တောင်သူများထံသို့ ပံ့ပိုးငွေနှင့်ထုတ်ချေးငွေများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးက ပေးအပ်ခဲ့ရာ အသင်းသားများကိုယ်စား အသင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြား ခဲ့ကြောင်း သိရသည်။
ချမ်းသာ
မန္တလေးတိုင်းဒေသကြီး
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်