ပေါက်ခေါင်း ဩဂုတ် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေး ဆောင်ရွက်ခြင်းအခမ်းအနားအား ဝက်တိုးကျေးရွာ ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထူးအောင်၊ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံ တောင်သူကြီးများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ပံ့ပိုးငွေကျပ် (၆၀၃)သိန်းနှင့်ညီမျှသော မျိုးနှင့် သွင်းအားစုများ ပေးအပ်ပံ့ပိုးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၆-၂၀၂၇ ခုနှစ် ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမစနစ်ကို အခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသောစိုက်ပျိုးရေး (Cooperative-Based Farming Project) အဖြစ် မြို့နယ်(၂)မြို့နယ်၊ သမဝါယမအသင်း (၃)သင်း၊ အသင်းသားတောင်သူ (၁၁၂)ဦး ပိုင်ဆိုင်သည့် လယ်ယာမြေ (၃၁၃.၅)ဧကအား Pilot Project အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပေါက်ခေါင်းမြို့နယ်၊ ဝက်တိုးကျေးရွာအုပ်စု၊ ရတနာတိုး မျိုးစေ့ထုတ် သမဝါယမအသင်းလီမိတက် အသင်းသားတောင်သူ (၅၃)ဦး ပိုင်ဆိုင်သည့် ကွင်းအမှတ်(၆၉၉)ရှိ တစ်ဆက်တစ်စပ်တည်း လယ်(၁၀၀.၅)ဧကတွင် တောင်သူ (၅၃)ဦးနှင့် အောင်နိုင်သစ္စာကုမ္ပဏီတို့ ပူးပေါင်း၍ မိုးစပါးအား စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်၊ လက်စွဲကောက်စိုက်စက် များဖြင့် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါစနစ်ကျသော စိုက်ပျိုးရေးဆောင်ရွက်ရာ၌ တောင်သူတစ်ဦးတစ်ယောက်တည်း စနစ်မကျသော စိုက်ပျိုးမှုမှသည် တောင်သူများပူးပေါင်း၍ ၎င်းတို့ပိုင်ဆိုင်သော တစ်ဆက်တစ်စပ်တည်း လယ်များ၌ စပါးတစ်မျိုးတည်းကိုသာ စိုက်ပျိုးကြခြင်း၊ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းစီမံ ခန့်ခွဲခြင်း၊ မျိုးနှင့်သွင်းအားစုများ စုပေါင်းဝယ်ယူခြင်း၊ စုပေါင်းထုတ်လုပ်ခြင်း၊ စုပေါင်းပြုပြင် ထုတ်လုပ်ခြင်းနှင့် စုပေါင်းဈေးကွက် ချိတ်ဆက်ရောင်းနိုင်ခြင်းတို့ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်