ကျောက်ဆည် ဩဂုတ် ၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေးလမ်းမှ မုန့်ပေါင်း-သပြေကုန်း-တောတွင်ကျေးရွာချင်းဆက်လမ်း (၀/၃)မိုင်၊ ၀ ဒသမ ၆ ကီလိုမီတာ ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဒေါ်ခင်မျိုးမျိုးလတ်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ကျောက်ဆည်ခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)က ကျောက်ချောလမ်းခင်းရာ၌ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေး မှာကြားခဲ့ပြီး အဆိုပါလမ်းပြီးစီးခဲ့ပါက ကျေးရွာ လေးရွာမှ ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေလွယ်ကူ ချောမွေ့စွာ သွားနိုင်မည်ဖြစ်ပြီး လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သက်မောင်(ကျောက်ဆည်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်