မင်းဘူးမြို့နယ် ချောင်းကောက် ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်
မင်းဘူး ဩဂုတ် ၄
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန်နှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်စေရန် ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်းက ချောင်းကောက် ကျေးရွာ ဘက်စုံသုံး ခန်းမဆောင် ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ရွှေမင်းက သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းမြင့်က သင်တန်းအမှာစကား ပြောကြားပြီး မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းသူများထံ သင်ထောက်ကူပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြဆရာနှင့် သင်တန်းသူ/သားများက တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ကြပြီး တက်ရောက်လာသူများက သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုကာ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြပြီး အခြေခံစက်ချုပ်နည်းအမျိုးမျိုးကို စာတွေ့လက်တွေ့ဖြင့် ဩဂုတ်လ ၃ ရက်နေမှ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ၄၅ ရက်ကြာ အခမဲ့ သင်ကြားပို့ချလျက်ရှိကြောင်း မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်း ထံမှ သိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်