Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုင်းဖြတ်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်း သင်တန်း ဖွင့်လှစ်


04 Aug,2026

မိုင်းဖြတ်မြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်း သင်တန်း ဖွင့်လှစ်

မိုင်းဖြတ်  ဩဂုတ် ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရန်၊ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာနိုင်စေရန်၊လုပ်ငန်းစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျွမ်းကျင်လုပ်သားများပေါ်ပေါက်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက် အကူပြု အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်း သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ   ၃ ရက်နေ့  နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
          ရှေးဦးစွာ  ပြည်နည်လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်း က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး     မိုင်းဖြတ်မြို့နယ်စီမံခန့်ခွဲ‌ ရေး နှင့် အုပ်ချပ်ရေးကော်မတီ ဥက္ကဌ ဦးလှမျိုးမှ အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။
    ဆက်လက်၍  မိုင်းဖြတ် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး   ဒေါ်ခင်မေလွင် မှ  သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
         ထို့နောက် သင်တန်းနည်းပြဆရာများက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့်သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော တာဝန်ရှိသူများက သင်တန်းသားများထံ သင်ထောက်ကူပစ္စည်းများ အသီးသီးပေးအပ်ကြသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား ၂၀ ဦး တက်ရောက်ကြပြီး အိမ်တွင်းလျှပ်စစ်သွယ်တန်းနည်းသင်တန်းအတက်ပညာများကို စာတွေ့လက်တွေ့ဖြင့်  ဩဂုတ်လ ၃ ရက်နေ့မှ ဩဂုတ်လ ၁၇ ရက်နေ့အထိ ၁၅ ရက်ကြာ အခမဲ့ သင်ကြားပို့ချလျက်ရှိကြောင်း မိုင်းဖြတ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင် ထံမှ သိရသည်။

    ဇင်မာ


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်