မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်လင်းခြင်းနှင့်ကော်မတီဖွဲ့စည်း
************************************************************************
မြိတ် ဩဂုတ် ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စန္ဒဝတ်ကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်း(Smart Village)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်လင်းခြင်းနှင့် ကော်မတီဖွဲ့စည်း ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
အခမ်းအနားတွင် မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိုး က ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)နှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊ အကျိုးကျေးဇူးများ၊ စီမံကိန်းတခုချင်းအလိုက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မြိတ်မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးက စီမံကိန်းလက်စွဲစာစောင်ပါ ကော်မတီဖွဲ့စည်း ရာတွင် လိုက်နာရန်အချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကျေးရွာသူ ကျေးရွာသားများ၏ အများသဘောဆန္ဒအရ မဲစနစ်ဖြင့် ကျေးရွာစီမံကိန်းကော်မတီဝင် ၇ ဦးကို ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာ၌ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village)နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် ကျေးရွာ၏ အခြေခံအဆောက်အအုံများနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမားရေး၊ လူမှုရေးကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှု အဆင့်အတန်းများမြင့်မားကာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း မြိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်